ဂျီ-၂၀အုပ်စုသည် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သင့်ပြီး ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင်သင့်သည်ဟု တရုတ် ဆို

(GMT+08:00)2023-11-22 13:28:02  

နိုဝင်ဘာလ ၂၁ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင်  သတင်းထောက်တစ်ဦးက ဝန်ကြီးချုပ် လီချန်က ဂျီ-၂၀အုပ်စု ခေါင်းဆောင်များဗီဒီယို ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်လို့ သိရပါတယ်။ ယခုအကြိမ် ထိပ်သီးအစည်း အဝေးအပေါ် တရုတ်ဘက်က  မည်သို့ မျှော်မှန်းချက် ရှိသနည်းဟု မေးမြန်းခဲ့ပါသည်။

သတင်းထောက်၏ မေးမြန်းချက်ကို မော်နင်က ပြန်လည် ဖြေကြားရာတွင်  ယခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ဂျီ-၂၀အုပ်စု နယူးဒေလီထိပ်သီးအစည်းအဝေးသည် မိတ်ဖက် ဆက်ဆံရေးမှတစ်ဆင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အရေးကြီး သဘောတူ ညီချက် ရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတကာအခြေအနေ မတည်မငြိမ် ဖြစ်နေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးစွမ်းအားမပြည့်သေးသောကြောင့် ဂျီ-၂၀အုပ်စုသည် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သင့်ပြီး ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင်သင့်ကာ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေး နှင့် တစ်ကမ္ဘာလုံး အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ အကျိုးပြု စွမ်းဆောင် သင့်ကြောင်း၊ ယခုအကြိမ် ဗီဒီယို ထိပ်သီး အစည်းအဝေးသည် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီမှုရရှိပြီး တက်ကြွသောလက္ခဏာကို ပြသနိုင်ရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။