နိုင်ငံ အသီးသီးမှ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး လောကအား တရုတ် နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန်နှင့် တရုတ်ဈေးကွက်တွင် နက်ရှိုင်းစွာ လုပ်ကိုင်ဆောင်ရွက်ရန် တရုတ်က ကြိုဆို

(GMT+08:00)2023-11-22 13:51:48  

ယခုလ ၂၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

မော်နင်က ယခု အကြိမ် APEC အစည်းအဝေး ကျင်းပစဉ် အတောအတွင်း သမ္မတ ရှီကျင့်ဖိန်က တရုတ် နိုင်ငံသည် နိုင်ငံခြား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ထိန်းသိမ်းကာကွယ်ခြင်း စနစ်ကို ကောင်းမွန်ပြည့်စုံစေရန် အဆက်မပြတ် ကြိုးပမ်း ဆောင် ရွက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လုပ်ကိုင်ရန် ကန့်သတ်သည့် လုပ်ငန်း နယ်ပယ် အမည်စာရင်းကို ထပ်ဆင့်လျှော့ချကာ တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သော နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ၏ နိုင်ငံသား အကျိုးခံစားခွင့်ကို ဘက်စုံ အာမခံပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းသည် တရုတ် နိုင်ငံ အနေနှင့် နိုင်ငံခြားကို အဆင့်မြင့် တံခါးဖွင့် မှုအား တိုးချဲ့ဆောင်ရွက်မှုကို အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးမှ စက်မှု လုပ်ငန်းနှင့် ကုန်သွယ်ရေး လောကအား တရုတ် နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန်နှင့် တရုတ်ဈေးကွက်တွင် နက်ရှိုင်းစွာ လုပ်ကိုင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ ပါသည်။