3D ပုံနှိပ်နည်းပညာဖြင့် ယွင်ကန် လိုဏ်ဂူ ၏ အမှတ် ၃ လိုဏ်ဂူ ကို အောင်မြင်စွာ ပုံတူကူးနိုင်ခဲ့

(GMT+08:00)2023-11-22 13:15:16  

စန်းတုန်းပြည်နယ် ချင်းတောင်မြို့ရှိ ယွင်ကန်လိုဏ်ဂူအနုပညာပြတိုက်တွင် 3D ပုံနှိပ်စက်ဖြင့် အမှတ် ၃ လိုဏ်ဂူ  ရှိ ၉.၉၃ မီတာဖြစ်သော ဗုဒ္ဓရုပ်ပွားတော်ကို အောင်မြင်စွာ ပုံတူကူးခဲ့သည်။

ယင်းဗုဒ္ဓရုပ်ပွားတော်သည် ကမ္ဘာ့ပထမဆုံး 3D ပုံနှိပ်နည်းပညာကို အသုံးပြုကာ ကြီးမားသော ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းကို ပုံတူကူးသောပရောဂျက်တစ်ခုဖြစ်ပြီး ဂူသွင်းဓာတ်ပုံပေါင်း ၁၀၀၀၀ ကို စုဆောင်းကာ မော်ဒယ် ၈၄၂ ခု ရိုက်နှိပ်ပြီး ၃ လကြာ တပ်ဆင်ခဲ့ပါသည်။ နောက်ဆုံးတွင် စန်းရှီးပြည်နယ်က ယွင်ကန်လိုဏ်ဂူကို စန်းတုန်းပြည်နယ်သို့ အောင်မြင်စွာ “ရွှေ့ပြောင်း” နိုင်ခဲ့ပါသည်။ ပုံတူဂူတစ်ခုလုံးသည် အရှည် ၁၇.၉ မီတာနှင့် အကျယ် ၁၃.၆ မီတာရှိသည်။ ခမ်းနားထည်ဝါပြီး လက်ရာမြောက်စွာ ထွင်းထုထားသော ရုပ်ပွားတော်များနှင့် ဂူသွင်းပုံသဏ္ဍာန် အပြည့်အစုံရှိသည်။ ထို့ကြောင့် မြို့သူမြို့သားများနှင့် ခရီးသွားများအား လိုဏ်ဂူအနုပညာ နှင့် ရှေးဟောင်းဗိသုကာလက်ရာများ၏ အလှကို ခံစားစေနိုင်မည် ဖြစ် သည်။