မြန်မာနိုင်ငံမြောက်ပိုင်းရှိနိုင်ငံအချို့မှနိုင်ငံသားများအားစစ်ဘေးရှောင်ရန်တရုတ်နိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံကနေထွက်ခွာနိုင်ရန်တရုတ်နိုင်ငံကပံ့ပိုးပေးထားသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-11-21 16:34:45  

နိုဝင်ဘာလ၂၀ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲကိုကြီးမှူးကျင်းပခဲ့သည်။

သက်ဆိုင်ရာသတင်းထောက်၏မေးမြန်းချက်ကိုဖြေကြားရာတွင် မော်နင်က ပထမဦးစွာတရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အာရုံစိုက်ပြီး စစ်ပွဲကို အဆုံးသတ်ရန်နှင့် အပစ်အခတ်ရပ်စဲရန်ဆက်တိုက်တိုက်တွန်းထားကြောင်း၊ မကြာသေးမီကနိုင်ငံအချို့သည် တရုတ်နိုင်ငံထံမှအကူအညီများတောင်းခံလာပြီး လူသားချင်းစာနာထောက်ထားမှုရှုထောင့်မှနေ မြန်မာနိုင်ငံမြောက်ပိုင်းရှိ၎င်းတို့၏နိုင်ငံသားများကို စစ်ဘေးမှလွတ်ကင်းရန်အတွက် တရုတ်နိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံကနေထွက်ခွာနိုင်ရန်အဝင်အထွက်လွယ်ကူအဆင်ပြေမှုကိုပံ့ပိုးပေးထားကြောင်း၊နောက်ပိုင်းတွင်မိမိတို့သည်တတ်စွမ်းသမျှအကူအညီများပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။

မော်နင်က မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခများစတင်ဖြစ်ပွားချိန်မှ စပြီး တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန်တက်ကြွစွာမြှင့်တင်ကာသက်ဆိုင်ရာဘက်အသီးသီးမှပြည်သူများ၏အကျိုးစီးပွားကိုဦးထိပ် ထားရန်၊ စစ်ပွဲကိုအမြန်ဆုံးရပ်စဲရန်၊ဆွေးနွေးညှိနှိုင်းမှုများဖြင့်ကွဲပြားမှုများကိုဖြေရှင်းရန်တွန်းအားပေးခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေ တရုတ်နှင့်မြန်မာကြားနယ်စပ်ဂိတ်စခန်းများဖွင့်ထားရန်၊ စစ်ဘေးရှောင်များကိုကယ်ဆယ်ရာတွင်မြန်မာနိုင်ငံနှင့်ပူးပေါင်းပြီးတတိယနိုင်ငံမှပုဂ္ဂိုလ်များကို တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံမှထွက်ခွာရန် တက်ကြွစွာကူညီဆောင်ရွက်ပေးဖို့ကြီးမားသောလူအင်အား၊ ပစ္စည်းနှင့်ငွေကြေးအရင်းအမြစ်များကိုရင်းနှီးမြုပ်နှံထားကြောင်း၊ မိမိတို့အနေနှင့် သက်ဆိုင်ရာဘက်အသီးသီးတို့ကတရုတ်နိုင်ငံနှင့်ရည်ရွယ်ချက်တူပူးပေါင်းဆောင်ရွက်ပြီးမြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသို့ဆောလျင်စွာပြန်လည်ရောက်ရှိအောင်မြှင့်တင်နိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားပါသည်။