ထိုင်းနိုင်ငံအုန်းသီးရောင်းဝယ်မှုပမာဏသည်တစ်နှစ်ထက်တစ်နှစ်တိုးလာ

(GMT+08:00)2023-11-21 16:35:46  

စာရင်းဇယားများအရ ၂၀၂၃ခုနှစ်ဒုတိယသုံးလပတ်တွင် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်၏ဦးစားပေးမူဝါဒများကြောင့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့အုန်းသီးထွက်ကုန်အမေရိကန်ဒေါ်လာ၁၈၈သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၂၇ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသည်ထိုင်းအုန်းသီးတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းအုန်းသီးသည်တရုတ်နိုင်ငံတင်သွင်းသည့်အုန်းသီးထုတ်ကုန်အားလုံး၏ဈေးကွက်ဝေစု၈၀ရာခိုင်နှုန်းရှိသည်။ တရုတ်စားသုံးသူများသည် အုန်းသီးထွက်ကုန်များကိုဝယ်ယူပါက ထုတ်ကုန်၁၀ခုတွင်၈ခုသည်ထိုင်းနိုင်ငံမှဖြစ်သည်ဟုဆိုနိုင်သည်။ ယခုနှစ်ဇန်နဝါရီလမှမေလအထိ ထိုင်းနိုင်ငံသည်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်၏ဦးစားပေးမူဝါဒများမှ ဝင်ငွေအမေရိကန်ဒေါ်လာ၃၃.၅ဘီလီယံရရှိခဲ့ပြီး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်၏ဦးစားပေးမူဝါဒများကို အသုံးပြုသည့်ကုန်စည်အားလုံး၏အသုံးချမှုနှုန်းသည် ၇၆.၇ရာခိုင်နှုန်းအထိရောက်ရှိခဲ့သည်။