မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ ပြင်းထန်ဆိုးရွားနေသည့် အခြေအနေကို ရည်ရွယ်ပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ် အပါအဝင် ဒေသခံ လုံခြုံရေးဌာနများသည် နယ်စပ်ဒေသ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးပြီး ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ခြင်းကို ဆက်တိုက် ပြုလုပ်ကာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ဥပဒေစိုးမိုးရေးဌာနများသည် ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သည့် သံသယရှိသူ စုစုပေါင်း ၃၁၀၀၀ အား တရုတ်ပြည်ဘက်သို့ လွှဲပြောင်းပေးအပ် ခဲ့ပြီဖြစ်ကြောင်း၊ ယင်းတို့အနက် နောက်ကွယ်မှ ငွေရင်းထုတ်ပေးသူ၊ စည်းရုံးဦးဆောင်သူ ၆၃ ဦးနှင့် အွန်လိုင်းဝရမ်းပြေး ၁၅၃၁ ဦး ပါဝင်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က ယူနန်ပြည်နယ် တယ်ဟုန် တိုင်လူမျိုး ဂျိုမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ ပြည်သူ့လုံခြုံရေးဌာန နယ်စပ်ရဲတပ်များ၏ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးတိုးတက်မှု ရရှိခဲ့ပြီး မြန်မာမြောက်ပိုင်းဒေသ မူဆယ် ဥပဒေစိုးမိုးရေးဌာနများသည် ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သည့် သံသယရှိသူပေါင်း ၅၇၁ ဦးကို တရုတ်ပြည်ဘက်အား လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းရရှိပါသည်။