ခမ်းနားလှပသည့် ဒုံးပျံအမြီး မီးတောက်

(GMT+08:00)2023-11-21 13:10:10  

Xiao Hailin သည် ဟိုင်နန်ပြည်နယ် စမ်းယာ့မြို့ လေကြောင်းနှင့် ခရီးသွားလာရေးကောလိပ် မှ ဆရာတစ်ဦးဖြစ်ပြီး ၂၀၁၁ခုနှစ်က ဓာတ်ပုံပညာကို စတင်သင်ကြားခဲ့ကာ အရပ်ဘက် လေကြောင်း ဆိုင်ရာ လေယာဉ်များ၊ လေကြောင်းပြပွဲများကို မကြာခဏ ဓာတ်ပုံ ရိုက်ခဲ့သည်။

Mach Diskသည် Shock Diamonds ဟုလည်းခေါ်သည်။ ၎င်းသည် ဒုံးပျံလွှတ်တင်ချိန်တွင် အောက်ဆီဂျင်ရည် ရေနံဆီသုံးအင်ဂျင်၏ အမြီးမှ ထုတ်လွှတ်သော တောက်ပပြီး စိန်ပုံသဏ္ဍာန် မီးတောက် ဖြစ်သည်။ Xiao Hailin သည် ထိုကဲ့သို့ ခမ်းနားလှပသော ပုံများကို လူများအား၊ အထူးသဖြင့် ပိုမိုများပြားသော လူငယ်များအား ပြသရန် မျှော်လင့်ထားသည်။