ယခုလ ၂၀ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘေကျင်းတွင် အလည်အပတ် ရောက်ရှိနေသော ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud၊ ဂျော်ဒန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Ayman Safadi၊ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ရွှတ်ရီ၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno၊ ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး မာလီကီ၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ် တာဟာဖြင့် ဖွဲ့စည်းထားသော အာရပ်နှင့် အစ္စလာမစ် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရပါသည်။
ဝမ်ယိက အာရပ်နှင့် အစ္စလာမစ် နိုင်ငံများနှင့် အတူ ဂါဇာ ဒေသတွင် စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို လျော့ပါးစေကာ ထိန်းသိမ်းထားသော ဓားစာခံများ ပြန်လွှတ်၍ ပါလက်စတိုင်း ပြဿနာကို ဆောလျင်စွာ ဘက်စုံ ရေရှည် တရားမျှတစွာ ဖြေရှင်းနိုင်အောင် တွန်းအားပေးရန် မလျှော့သော ဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။