ရှီကျင့်ဖိန်နဲ့ တွေ့ဆုံခြင်း ၊ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်း

(GMT+08:00)2023-11-20 11:29:07  

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ မှ ၁၇ ရက်နေ့အထိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဖိတ်ကြားမှုအရ တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံပွဲ တက်ရောက်ခဲ့ပါတယ်

တစ်ချိန်တည်းမှာပဲ ဖိတ်ကြားမှုအရ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းရဲ့

အကြိမ် ၃၀ မြောက် နိုင်ငံခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်

သမ္မတရှီကျင့်ဖိန်က အမေရိကန်နိုင်ငံမှာ သာမန်အရပ်သားမိတ်ဆွေအများအပြားရှိပြီး

ဥဒါန်းစကားများစွာ တွင်ကျန်ရစ်ခဲ့ပါတယ်

အမေရိကန်နိုင်ငံ ချစ်ကြည်ရေးအဖွဲ့များ စုပေါင်းကြိုဆိုဧည့်ခံပွဲမှာ

သမ္မတရှီကျင့်ဖိန်က

“တရုတ်-အမေရိကန်သံတမန်ရေးဇာတ်လမ်းကို ပြည်သူတွေက ရေးတာပါ” လို့ ပြောခဲ့ပါတယ်

သမ္မတရှီကျင့်ဖိန် အမေရိကန်နိုင်ငံသို့ ရောက်ရှိကြောင်း သိရပြီးနောက်

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် တာကိုမာမြို့ရှိ

လင်ကွန်းအလယ်တန်းကျောင်း ကျောင်းသားများက

သမ္မတရှီကျင့်ဖိန်နဲ့ သမ္မတဇနီး ဖုန်လိယွမ် အတွက်

ပန်းချီကားတစ်ချပ်ကို သေချာပြင်ဆင်ခဲ့ပါတယ်

ပန်းချီကားထဲမှာ

ပန်ဒါဝက်ဝံ၊ မုခ်ဦးအဆောက်အအုံ အစရှိတဲ့ တရုတ်သင်္ကေတများနဲ့

မြေတူးကြွက်၊ Space Needle တာဝါ အစရှိတဲ့

ဝါရှင်တန်ပြည်နယ် သင်္ကေတများကို ရေးဆွဲထားပြီး

လင်ကွန်းအလယ်တန်းကျောင်းက ကျောင်းဆရာနဲ့ကျောင်းသူကျောင်းသားအားလုံးရဲ့

တရုတ်-အမေရိကန် ချစ်ကြည်ရေး ရေရှည်တည်တံ့သွားဖို့

သာယာတဲ့အနာဂတ်ကို လိုလားတဲ့ဆန္ဒများကို အတူလက်တွဲရေးဆွဲဖော်ပြခဲ့ကြပါတယ်

သမ္မတရှီကျင့်ဖိန်နှင့် လင်ကွန်းအလယ်တန်းကျောင်းရဲ့ခင်မင်မှုဟာ

၁၉၉၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်သည်

ထိုအချိန်က ဖူကျိုးမြို့ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှီကျင့်ဖိန်ဟာ

တာကိုမာမြို့ကို အလည်အပတ်သွားရောက်ခဲ့ဖူးပြီး

လင်ကွန်းအလယ်တန်းကျောင်း သွားရောက်ကြည့်ရှုခဲ့ဖူးပါတယ်

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့

သမ္မတရှီကျင့်ဖိန် အမေရိကန်နိုင်ငံကို အလည်အပတ်သွားရောက်စဉ်ကာလမှာ

လင်ကွန်းအလယ်တန်းကျောင်းကို ထပ်မံရောက်ရှိခဲ့ပါတယ်

သူက လင်ကွန်းအလယ်တန်းကျောင်းက ကျောင်းဆရာများနဲ့ကျောင်းသားကျောင်းသူများကို

စားပွဲတင် တင်းနစ်ကိရိယာတစ်စုံ လက်ဆောင်ပေးခဲ့ပြီး

“ဘောလုံးငယ်ဖြင့် ဘောလုံးကြီးကို လည်ပတ်စေခြင်း” ဇာတ်လမ်းပြောပြခဲ့ပါတယ်

အဲဒီအကြိမ်သွားရောက်လည်ပတ်မှုမှာ

သူက ကလေးတွေကို အံ့ဩစရာတစ်ခု ယူဆောင်ပေးခဲ့ပါတယ်

သူက ကျောင်းသား အယောက် ၁၀၀ ကို တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါတယ်

တစ်နှစ်ကြာပြီးနောက်

လင်ကွန်းအလယ်တန်းကျောင်းလည်ပတ်ရေးအဖွဲ့ဟာ တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ်

တရုတ်နိုင်ငံ အစစ်အမှန်ကို သူတို့မြင်တွေ့ခဲ့ရပြီး

တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အမှတ်တရကောင်းတွေကိုလည်း ပြန်လည်ယူဆောင်သွားခဲ့ကြပါတယ်

၂၀၂၁ ခုနှစ်မှာ

ကျောင်းအုပ်ကြီး အိုဝင်က သမ္မတရှီကျင့်ဖိန်ထံ စာရေးသား ပေး ပို့ခဲ့ပါတယ်

သူက

“၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့ကျောင်းက ကျောင်းသား အယောက် ၁၀၀ ဟာ

သမ္မတကြီးရဲ့ဖိတ်ကြားမှုအရ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်

ဒါဟာ သူတို့ရဲ့ဘဝမှာ

အကောင်းဆုံး ပညာရေး အတွေ့အကြုံပဲဖြစ်ပါတယ်

တရုတ်နိုင်ငံရဲ့အံ့ဩဖွယ်ရာများက သူတို့ကို အမြင်ကျယ်စေခဲ့ပါတယ်

……

ကျောင်းသားချင်း ဆက်ဆံရေးနဲ့ ပညာရေးပူးပေါင်းဆောင်ရွက်မှုကို အားပေး  မြှင့်တင် ခြင်းဖြင့်

ကျွန်တော်တို့က နှစ်နိုင်ငံပြည်သူလူထုအတွက် စံနမူနာလုပ်သွားပါမယ်”

ယခုအကြိမ် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်ကာလမှာ

သမ္မတရှီကျင့်ဖိန်က

တရုတ်-အမေရိကန်နှစ်နိုင်ငံပြည်သူလူထုများအတွက်

အထူးသဖြင့် လူငယ်မျိုးဆက်များ ဆက်ဆံမှု ဖလှယ်ရေး တိုးချဲ့ဖို့

တရုတ်နိုင်ငံဘက်က အနာဂတ် ၅ နှစ်အတွင်းမှာ

အမေရိကန်နိုင်ငံက လူငယ်အယောက် ၅၀၀၀၀ ကို

တရုတ်နိုင်ငံမှာ ပညာလေ့လာဖလှယ်ဖို့ ဖိတ်ခေါ်ပါကြောင်း ကြေညာခဲ့ပါတယ်