အာရပ်နှင့်အစ္စလမ္မစ်နိုင်ငံတို့မှနိုင်ငံခြားရေး၀န်ကြီးများပူးတွဲကိုယ်စားလှယ်အဖွဲ့သည်တရုတ်နိုင်ငံသို့လာရောက် ခရီးလှည့်လည်မည်

(GMT+08:00)2023-11-20 15:59:56  

အာရပ်နှင့်အစ္စလမ်မစ်နိုင်ငံများမှနိုင်ငံခြားရေး၀န်ကြီးများပူးတွဲကိုယ်စားလှယ်အဖွဲ့သည်နိုဝင်ဘာ၂၀ရက်နေ့မှ၂၁ရက်နေ့အထိတရုတ်နိုင်ငံသို့လာရောက် ခရီးလှည့်လည်မည်ဖြစ်ကြောင်းတရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောကြားခဲ့သည်။ယင်းကိုယ်စားလှယ်အဖွဲ့တွင်ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး Faisal၊ ဂျော်ဒန်ဒုဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးSafadi၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးShoukry၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးRetno၊ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးMalikiနှင့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Tahaတို့ပါဝင်ကြောင်း၊ တရုတ်ခရီးစဉ်အတောအတွင်း တရုတ်ပြည်ဘက်သည် လက်ရှိပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အရှိန်လျော့ချရေး၊ အရပ်သားများကိုအကာအကွယ်ပေးရေး၊ ပါလက်စတိုင်းအရေးကို တရားမျှတစွာ ဖြေရှင်းရေး စသည့် ရေးရာများနှင့်ပတ်သက်ပြီး အာရပ်နှင့်အစ္စလမ္မစ်နိုင်ငံများမှ နိုင်ငံခြားရေး၀န်ကြီးများ ပူးတွဲကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရပါသည်။