မော်စကိုမြို့သို့ ဦးတည်ပျံ့သန်းသောယူကရိန်းဒရုန်းတစ်စင်းကိုပစ်ချခဲ့သည်ဟုရုရှားဆို

(GMT+08:00)2023-11-20 15:58:41  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ရက်နေ့ညက ရုရှားနိုင်ငံမော်စကိုမြို့တော်ဝန် Sobyaninကရုရှားတပ်မတော်၏ လေကြောင်းကာကွယ်ရေးစနစ်သည် မော်စကိုမြို့သို့ ဦးတည်ပျံ့သန်းနေသောဒရုန်းတစ်စင်းကိုပစ်ချခဲ့သည်ဟုလူမှုမီဒီယာတွင် ရေးသားထားခဲ့ပါသည်။ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် ဒေသစံတော်ချိန် ၁၉ရက်နေ့ည ၁၁နာရီ မိနစ်၂၀က မော်စကိုပြည်နယ်ကောင်းကင်ယံ၌ ယူကရိန်း၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုဖျက်ဆီးခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ ပါသည်။

ယူကရိန်းဘက်ကအဆိုပါကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်မှုမရှိသေးပါ။