ရှီကျင့်ဖိန်သည် အကြိမ် ၃၀မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2023-11-18 04:28:27  

မူရင်းစိတ်ကိုစွဲကိုင်ပြီး၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကာ

အာရှ ပစိဖိတ်ဒေသအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွဲတွန်းအားပေးခြင်း

--- အကြိမ် ၃၀မြောက် APEC ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခြင်း

(၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့၌)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖိန်

 

သာယာလှပသောဆန်ဖရန်စစ္စကိုမြို့မှာအားလုံးစုစည်းနေကြလို့ လွန်စွာဝမ်းသာပါသည်။ ယင်းသည် APEC ခေါင်းဆောင်များ၏ အကြိမ် ၃၀မြောက် တွေ့ဆုံခြင်းဖြစ်ပြီးအထူးအရေးကြီးသည့် အဓိပ္ပာယ် ပါရှိပါသည်။ သမ္မတဘိုင်ဒန်နှင့် အမေရိကန် အစိုးရတို့ ယခုအကြိမ် အစည်းအဝေးအတွက် ပြည့်စုံစွာစီစဉ်ပေးခြင်းအပေါ် ကျေးဇူးတင်ပါသည်။

  APEC အဖွဲ့ ခေါင်းဆောင်များအချိန်မှန် အစည်းအဝေးကျင်းပရေးစနစ်ကိုချမှတ်လာကတည်းကတစ်လျှောက်လုံးဆိုသလိုကမ္ဘာလုံးတံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့တန်း၌ လျှောက်လှမ်းနေပြီးဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ရေးနှင့် အဆင်ပြေစေရေး၊ စီးပွားရေးနည်းပညာဖွံ့ဖြိုးရေး၊ ကုန်စည် စီးဆင်းမှုနှင့် ပြည်သူများသွားလာရေးတို့ကိုတွန်းအားပေးကာတစ်ကမ္ဘာလုံးအာရုံစူးစိုက်သောအာရှ အံ့ဖွယ်ကိုဖန်တီးနိုင်ခဲ့ပါသည်။

လက်ရှိအချိန်မှာကမ္ဘာကြီးရာစုနှစ် ပြောင်းလဲမှုများမြန်ဆန်စွာဖြစ်ပွားနေပြီးကမ္ဘာ့ စီးပွားရေးသည် အမျိုးမျိုးသောအန္တရာယ် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပါသည်။ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၏ အင်ဂျင် အဖြစ် အာရှနှင့် ပစိဖိတ်ဒေသသည် ပိုမိုကြီးမားသောခေတ်တာဝန်ဝတ္တရားကိုထမ်းဆောင်နေပါသည်။ အာရှ ပစိဖိတ်ဒေသမှ ခေါင်းဆောင်များအနေနှင့် မည်သို့သောအာရှ ပစိဖိတ်ကိုယခုရာစုနှစ် အလယ်ပိုင်းသို့ ဆောင်ကြဉ်းသွားမည်နည်း၊ အာရှ ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး၏ လာမည့် နှစ် ၃၀ တာ ရွှေကာလကိုမည်သို့ တည်ဆောက်မည်နည်း၊ ယင်းဖြစ်စဉ်တွင် APEC အဖွဲ့ကမည်သို့ ပိုမိုကောင်းမွန်စွာအကျိုးပြုစွမ်းဆောင်မည်နည်းဟူသည်ကိုလေးနက်စွာစဉ်းစားသင့်ပါသည်။

အမှန်တရားဖြစ်ပါကခဲရာခဲဆစ်ထောင်ချီသောင်းချီရှိလျှင်လည်းကျော်လွှားပြီးချီတက်ရမည်ဟုတရုတ် ရှေးခေတ်ကစကားတစ်ခွန်းရှိပါသည်။ မိမိတို့သည် အာရှ ပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်ရေး၏ မူရင်းစိတ်ကိုစွဲကိုင်ပြီးခေတ်ရေစီးကြောင်းနှင့်အညီတာဝန်ကျေပွန်စွာထမ်းဆောင်၍ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုလက်တွဲရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ပါသည်။ Putrajaya မျှော်မှန်းချက်ကိုဘက်စုံဖော်ဆောင်ပြီးတံခါးဖွင့်သောရှင်သန်သောခိုင်ခံ့သောငြိမ်းချမ်းသောအာရှ ပစိဖိတ် အသိုက်အဝန်းကိုတည်ဆောက်ကာအာရှ ပြည်သူများနှင့် နောင်လာနောက်သားများ၏ ဘုံစည်ပင်သာယာရေးကိုဖော်ဆောင်ရမည် ဖြစ်ပါသည်။ မိမိသည် အောက်ပါ အဆိုပြုချက်များတင်ပြပါသည်။

၁။ ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရေးကိုစွဲကိုင်ခြင်း။ ဆန်းသစ် တီထွင်ရေးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အားကောင်းသောတွန်းအားဖြစ်သည်။ မိမိတို့သည် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် အညီ သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတက်ကြွစွာ တွန်းအားပေးပြီး တံခါးဖွင့်သော၊ တရားမျှတသော၊ ခွဲခြားဆက်ဆံခြင်းမရှိသော သိပ္ပံနည်းပညာ  ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို လက်တွဲတည်ဆောက်ရမည်။ ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းကို တိုးမြှင့်ပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ ကွာဟမှုကို လျှော့ချကာ APEC အဖွဲ့ အင်တာနက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး လမ်းစဉ်မြေပုံကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်ရမည်။ Big data၊ ၊ Cloud Computing ၊ AI ၊ quantum computing စသည့် နည်းပညာများ အသုံးချမှုကို ထောက်ခံပြီးအာရှ ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားသစ်နှင့် အားသာချက်သစ်များကို အဆက်မပြတ် ဖန်တီးပေးရမည်။

တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရေး မဟာဗျူဟာကို စွဲကိုင် နေပြီး ဒစ်ဂျစ်တယ် ကုန်ထုတ်လုပ်မှုဖြစ်ရေးနှင့် ကုန်ထုတ်လုပ်မှုများဒစ်ဂျစ်တယ် ဖြစ်ရေးတို့ကို တွန်းအားပေးပြီး၊ APEC အဖွဲ့ ဒစ်ဂျစ်တယ် ကျေးရွာတည်ဆောက်ရေး၊ လုပ်ငန်းဌာနများ Digital Identity ၊ ဒစ်ဂျစ်တယ် နည်းပညာဖြင့် အစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော အသွင်ပြောင်းလဲမှုကို မြှင့်တင်ရေး စသည့် အဆိုပြုချက်များကို ဖော်ပြပြီး အာရှ ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကောင်းမွန်စွာ တွန်းအားပေးနေပါသည်။

၂။ တံခါးဖွင့်ရေးဦးတည်ချက်ကို စွဲကိုင်ခြင်း။ တံခါးဖွင့်လျှင် ရှင်သန်မည် ဖြစ်ပြီး တံခါးပိတ်လျှင် ဆုတ်ယုတ်မည်သာဖြစ်သည် ဆိုခြင်းကို အာရှ ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ အတွေ့အကြုံများမှသိရပါသည်။ မိမိတို့သည် လွတ်လပ်ပြီး တံခါးဖွင့်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ထိန်းသိမ်းကာကွယ်ရမည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အမြုတေအဖြစ် ထားသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံတိုးမြှင့်ရမည်။ ကမ္ဘာလုံးကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် ချောမောခြင်းကို ထိန်းသိမ်းရမည်။ စီးပွားကုန်သွယ်ရေးဆိုင်ရာများကို နိုင်ငံရေးရေး၊ လက်နက်ရေး၊ Pan လုံခြုံရေးဖြစ်အောင် လုပ်ဆောင်ခြင်းကို ဆန့်ကျင်သည်။ ဒေသတွင်းစီးပွားရေး တစ်ပြေးညီဖြစ်ရေးကို ဦးလည်မသုန် တွန်းအားပေးပြီး အာရှ ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန် တွန်းအားပေးရေးဖြစ်စဉ်ကို မြှင့်တင်၍ APEC အဖွဲ့ အပြန်အလှန် ဆက်သွယ်ရေးစီမံကိန်းကို ဘက်စုံဖော်ဆောင်ကာ ဒေသတွင်း တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူ မျှဝေစေရမည် ဖြစ်သည်။

မကြာမီက တရုတ်နိုင်ငံသည် တတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ကမ္ဘာလုံးအပြန်အလှန် ဆက်သွယ်မှု တိုးမြှင့်ရေးနှင့် တံခါးဖွင့်သော ကမ္ဘာစီးပွားရေးအတွက် တွန်းအားသစ်ကို ထည့်သွင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ကို အရည်အချင်းမြင့်မားစွာ ဖော်ဆောင်ခြင်းကို စွဲကိုင်ပါသည်။ ဘက်စုံတိုးမြင့်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ဆက်ဆံမှုသဘောတူစာချုပ်နှင့် ဒစ်ဂျစ်တယ် စီးပွားရေးမိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ပါ စံနှုန်းမြင့် စီးပွားကုန်သည်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ချိတ်ဆက်မှုပြုပြီး သဘောတူစာချုပ် ပါဝင်ရေးဖြစ်စဉ်ကို တွန်းအားပေးကာ ဘက်အသီးသီးတို့နှင့်အတူ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အတူရေးဆွဲစီမံကြပါသည်။

၃။ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ခြင်း။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် စသည့် တစ်နေ့တစ်ခြား ပြင်းထန်လာနေသော စိန်ခေါ်မှုများကို ရင်ဆိုင်လျက် မိမိတို့သည် လူနှင့် သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲခြင်းကို စွဲကိုင် ရမည်။ ဖွံ့ဖြိုးရေးအသွင်ပုံစံကို အစိမ်းရောင် ဖြစ်ခြင်းနှင့် ကာဗွန် ထုတ်လွှတ်မှုနည်းပါးခြင်းသို့ အသွင်ပြောင်းရန် တွန်းအားပေးပြီး ကာဗွန် လျှော့ချရေး၊ ညစ်ညမ်းမှု လျှော့ချရေး၊ အစိမ်းရောင် တိုးမြှင့်ရေး၊ စီးပွားရေးတိုးတက်ရေးတို့ကို တစ်ပြိုင်တည်း တွန်းအားပေး၍ ဂေဟစနစ် လည်ပတ်မှု အစိမ်းရောင်စီးပွားရေး ဗန်ကောက် ရည်မှန်းချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ကာ အစိမ်းရောင် အာရှ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ပေးရမည်။

တရုတ်နိုင်ငံသည် ဂေဟစနစ် ဦးစားပေးပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စွဲကိုင်၍ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ် ရောက်ရှိခြင်းနှင့် ကာဗွန် ဓာတ်ပြယ်ခြင်း အစီအစဉ်ကို တက်ကြွစွာ တွန်းအားပေးကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အသွင်ပြောင်းလဲရေးကို တွန်းအားပေးနေပါသည်။ မိမိတို့သည် APEC အဖွဲ့ အစိမ်းရောင် လယ်ယာစိုက်ပျိုးရေး၊ ကာဗွန် ထုတ်လွှတ်မှု နည်းပါးအောင် အသွင်ပြောင်းလဲရေး၊ ပင်လယ် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များကို ဖော်ပြပြီး သန့်စင် သာယာသော အာရှ ပစိဖိတ် လက်တွဲတည်ဆောက်ခြင်းကို တွန်းအားပေးခဲ့ပါသည်။

၄။ အတူအကျိုးခံစားရေးကိုစွဲကိုင်ခြင်း။ မျက်မှောက်အချိန်မှာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွာဟမှု များလာနေပါသည်။ အားလုံးတိုးတက်ခြင်းမှသာ တကယ်စင်စစ် တိုးတက်ခြင်းဖြစ်သည်။ မိမိတို့သည် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဘက်စုံအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို နိုင်ငံတကာအစည်းအဝေး၏ အရေးကြီးနေရာ၌ ထားရှိရန် တွန်းအားပေးမည် ဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာများကို လက်တွဲဖြေရှင်းရမည် ဖြစ်သည်။

ဘက်အသီးသီးတို့ ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တွင် တက်ကြွစွာပါဝင်ရန်၊ ဆင်းရဲမှု လျှော့ချရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ စက်မှုလုပ်ငန်းဖြစ်ထွန်းရေး၊ ရင်နှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးစသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ရန် ကြိုဆိုပါသည်။ ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး အသိုက်အဝန်းကို တည်ထောင်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများက ခေတ်မီရေးတည်ဆောက်မှု၏ အောင်မြင်မှုရလဒ်များကို အတူ မျှဝေခံစားစေရမည်။ တရုတ်နိုင်ငံသည် APEC အဖွဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံမည် ဖြစ်ပြီးအာရှ ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးကိတ်မုန့်ကြီးကို လက်တွဲပြုလုပ်ကြမည်ဖြစ်ပါသည်။

 

လုပ်ဖော်ကိုင်ဖက်များခင်ဗျာ

တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသားရှင်သန်ရေးလုပ်ငန်းကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်နေပါသည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကိုစွဲကိုင်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး၏ အရင်းခံရည်ရွယ်ချက်သည် တစ်ဦးဦးကို အစားထိုးရန် မဟုတ်ဘဲ တရုတ်ပြည်သူများ၏ နေထိုင်မှုဘဝ ကောင်းမွန် စေရန် ဖြစ်ပါသည်။ ယခုနှစ်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ပြုလုပ်ခဲ့သည့် ၄၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ မိမိတို့သည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်မည် ဖြစ်ပြီး အရည်အချင်းမြင့် တံခါးဖွင့်ရေးကို တွန်းအားပေးကာ တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခေတ်မီရေးဖော်ဆောင်ရန်အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်ပါသည်။ မိမိသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူအာရှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသောအောင်မြင်မှုရလဒ်များရရှိရန်၊ အာရှ ပစိဖိတ်၏ နှစ် ၃၀ တာ ရွှေကာလသစ်ကိုလက်တွဲတည်ဆောက်ရန် တွန်းအားပေးလိုပါသည်။

 

အားလုံးကိုကျေးဇူးတင်ပါသည်။