ရှီကျင့်ဖိန်သည် တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ပြီး အကြိမ် ၃၀ မြောက် APEC အဖွဲ့ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ပြီးနောက် ဘေကျင်းသို့ ပြန်လည်ရောက်ရှိ

(GMT+08:00)2023-11-18 19:57:21  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အကြိမ် ၃၀ မြောက် APEC အဖွဲ့ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့ညက အထူးလေယာဉ်ဖြင့် ဘေကျင်းသို့ပြန်လည်ရောက်ရှိခဲ့ပါသည်။

ဒေသစံတော်ချိန် ၁၇ ရက်နေ့ ညနေပိုင်းတွင် ဆန်ဖရန်စစ္စကိုမြို့တော်ဝန် Brideက ရှီကျင့်ဖိန် အား လေဆိပ်သို့ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။

လေဆိပ်သို့ သွားရောက်ရာလမ်းတစ်လျှောက်တွင် တရုတ်နွယ်ဖွားများနှင့် တရုတ်ပညာတော်သင် များသည် လမ်းနှစ်ဖက်၌ တရုတ်နှင့် အမေရိကန် အလံများကိုကိုင်ဆောင်ပြီး သမ္မတရှီကျင့်ဖိန်အား လှိုက်လှဲစွာ ပို့ဆောင်နှုတ်ဆက်ကာ ခရီးစဉ် ချောမောအောင်မြင်ခြင်းအတွက် ထောမနာပြုကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။