တရုတ်နှင့် အမေရိကန် ဆက်ဆံမှုအတွက် ပဲ့ကိုင်ပြီး အာရှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အတွက် ဦးစီးလမ်းပြခြင်း -- ရှီကျင့်ဖိန်က အမေရိကန်တွင် တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ခြင်းနှင့် အကြိမ် ၃၀ မြောက် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်ခြင်းအကြောင်းကို ဝမ်ယိ ပြောကြား

(GMT+08:00)2023-11-18 20:58:06  

နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ အမေရိကန် သမ္မတ ဘိုင်ဒန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့၍ တစ်ချိန်တည်းတွင် ဖိတ်ကြားချက်အရ အကြိမ် ၃၀ မြောက် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပါသည်။ ခရီးစဉ် အပြီးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သတင်းထောက်များအား ယခုအကြိမ် ခရီးစဉ် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဝမ်ယိက ယခုအကြိမ် ခရီးစဉ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒန်နှင့် တွေ့ဆုံပွဲပြုလုပ်ပြီး တရုတ်နှင့် အမေရိကန် အကြား မှန်ကန်သော ယှဉ်တွဲနေထိုင်ရေးအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန် ကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် အမြင်ချင်း ကူးလူးဖလှယ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများကို စုစည်းခဲ့ကြောင်း၊ APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီး အာရှနှင့် ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကို ညွှန်ပြခဲ့ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် ကမ္ဘာတစ်ဝှမ်း အာရုံစူးစိုက်ပြီး အောင်မြင်မှုရလဒ်များစွာကို ရရှိခဲ့၍ အလွန်လေးနက်အဓိပ္ပာယ် ရှိပါကြောင်း၊ တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအတွက် တည်ငြိမ်ဖွယ်ရာများ ထည့်သွင်းပေးပြီး အာရှ ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားသစ် ဆောင်ကြဉ်းပေးကာ နိုင်ငံတကာနှင့် ဒေသများအတွက် အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ပေးခဲ့သည်ဟု နိုင်ငံတကာ မိသားစုကြီးက ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။