CGTN သည် "Seeking The Right Track" ဗီဒီယိုကားထုတ်လွှင့်ပြသ

(GMT+08:00)2023-11-18 11:13:39  

လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေနှင့် အနာဂတ် ဆက်ဆံရေးနည်းလမ်းကို  ဘက်စုံအဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် CGTN မှ " Seeking The Right Track " ဗီဒီယိုကားကို ထုတ်လွှင့်ပြသပြီး  ခေတ်ကာလသစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပါရာဒိုင်းအသစ်ကို မည်သို့စတင်သနည်းဆိုတာကို ရှာကြံခဲ့ပါသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်နှင့် အမေရိကန်အကြီးအကဲတို့သည် ဘာလီကျွန်း၌ တွေ့ဆုံပြီး ထိုအချိန်က အခက်အခဲကြုံတွေ့နေသည့် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် လမ်းညွှန်ပေးခဲ့သည်။ သို့သော်လည်း အမေရိကန်၏ နောက်ဆက်တွဲ အမျိုးမျိုးသော "အပြောတစ်မျိုး အလုပ်တစ်မျိုး" အပြုအမူများကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို လမ်းကြောင်းမှန်နှင့် ဝေးကွာစေခဲ့သည်။ ယခုနှစ်မေလနောက်ပိုင်း ဘာလီကျွန်းတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုကို ပြန်လည်အကောင်အထည်ဖေါ်ရန်အတွက် နှစ်နိုင်ငံအကြား အဆင့်မြင့် ဖလှယ်မှုများ တိုးမြင့်လာပြီး အရပ်ဖက် အပြန်အလှန်ဖလှယ်မှုများ တဖြည်းဖြည်း မြင့်တက်လာကာ နောက်ဆုံးမှာ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးမှုအတွက် လမ်းခင်းပေးခဲ့သည်။

အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် ရာစုနှစ်ဝက်ကြာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ စစ်မှန်သောဇာတ်ကြောင်းဖြစ်ပြီး နှစ်ဖက်စလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်သင့်သည့် ဘုံရည်မှန်းချက်လည်းဖြစ်သည်။ ယင်းဗီဒီယိုကားသည် အင်တာဗျူးများစွာနှင့် ကိန်းဂဏန်းများစွာဖြင့် တရုတ်နှင့် အမေရိကန်တို့သည် "ပူးပေါင်းဆောင်ရွက်ပါက အကျိုးရှိပြီး ထိပ်တိုက်ရင်ဆိုင်ပါက ဆုံးရှုံးရခြင်း" ၏အကြောင်းရင်းကို လက်တွေ့ဆန်သော ရှုထောင့်မှ လေးနက်စွာ ဖော်ပြထားပါသည်။

သမ္မတဘိုင်ဒင်နှင့် တွေ့ဆုံမှုအပြီးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ထိုနေ့တွင် အမေရိကန် ချစ်ကြည်ရေး အသင်းအဖွဲ့များ၏ ပူးတွဲညစာစားပွဲသို့ တက်ရောက်ကာ အရေးကြီးသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် အနာဂတ်တွင် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ဖလှယ်မှုနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးတို့ကို ဆက်လက်လုပ်ဆောင်နိုင်သရွေ့ တရုတ်နှင့် အမေရိကန်တို့ကြားရှိ ပြဿနာများနှင့် စိန်ခေါ်မှုများသည် အမြဲတမ်း အဖြေရှာတွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။