ထိုင်းတော်ဝင်မင်းသမီးSirindhornနှင့် သီးသန့်အင်တာဗျူး

(GMT+08:00)2023-11-18 15:34:15  

ထိုင်းတော်ဝင်မင်းသမီးSirindhorn က တရုတ်ဘာသာစကားနဲ့ China Media Groupရဲ့ အင်တာဗျူးကိုလက်ခံဖြေကြားခဲ့ပါတယ်။ သူမဟာတရုတ်နိုင်ငံကို၄၂ နှစ်အတွင်းအကြိမ် ၅၀ လာရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ကလေးတွေရဲ့ ပါးစပ်ဖျားမှာသူမကို “မမမင်းသမီး” လို့ ခေါ်ဝေါ်ခံရခြင်းမှ “ဒေါ်ဒေါ်မင်းသမီး” ၊ “ဘွားဘွားမင်းသမီး” ဆိုပြီးပြောင်းလဲခေါ်ဝေါ်လာခဲ့ကြပါတယ်။ မပြောင်းလဲတာကတော့ တရုတ်နဲ့ ထိုင်းမိသားစုသဖွယ် နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုပါပဲ။

ထိုင်းတော်ဝင်မင်းသမီးSirindhorn က အင်တာဗျူးမှာယခုနှစ်ဟာ “Belt and Road” စီမံချက်ကိုအဆိုပြုခဲ့တဲ့ ဆယ်နှစ်ပြည့် နှစ်ဖြစ်ပါတယ်။ “Belt and Roadစီမံချက်ဟာထိုင်း-တရုတ် နှစ်နိုင်ငံပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူတွေကိုအတူတကွပူးပေါင်းဆောင်ရွက်လာစေတယ်။ ဒီစီမံချက်ကြောင့် တရုတ်လူမျိုးတွေထိုင်းနိုင်ငံကိုပိုမိုလာရောက်ရင်းနှီးမြှုပ်နှံကြပြီးထိုင်းလူမျိုးတွေလည်းတရုတ်နိုင်ငံကိုပိုမိုသွားရောက်ရင်းနှီးမြှုပ်နှံလာကြတယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအပြင် လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများမှ ပြည်သူများရဲ့ သွားလာလှုပ်ရှားမှု၊ ခရီးသွားလာမှုတို့ကိုလည်းအထောက်အကူပြုနေပါတယ်။ ဒါဟာအလွန်ကောင်းမွန်တဲ့စီမံချက်တစ်ခုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှာသမ္မတရှီကျင့်ဖိန်ကသူမကို “ချစ်ကြည်ရေးဆုတံဆိပ်” ချီးမြှင့်ခဲ့ပါတယ်။ မင်းသမီးSirindhornကလည်း “တရုတ်-ထိုင်းချစ်ကြည်ရေးခေတ်အဆက်ဆက် ကောင်းမွန်စွာလက်ဆင့်ကမ်းနိုင်ပါစေ”ဆိုတဲ့ ကဗျာစာသားကိုကိုယ်တိုင်ရေးသားခဲ့ပြီးတရုတ်-ထိုင်းနှစ်နိုင်ငံအကြားခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးစေလိုတဲ့ မျှော်လင့်ချက်ကိုဖော်ပြခဲ့ပါတယ်။