မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် Onlineလိမ်လည်မှုဆိုင်ရာခေါင်းဆောင်များဖြစ်သည့်Ming Guoping၊Ming Julanနှင့်Ming Zhenzhenတို့ကို ဖမ်းဆီးနိုင်ခဲ့

(GMT+08:00)2023-11-17 14:09:10  

မကြာခင်ရက်များက မြန်မာနိုင်ငံ မြောက်ပိုင်းတွင် Onlineလိမ်လည်မှုဆိုင်ရာ ပြစ်မှု ကျူးလွန်မှုများကို တိုက်ဖျက်ရန်အတွက် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Onlineလိမ်လည်မှုဆိုင်ရာ ပြစ်မှု ကျူးလွန်သောအဖွဲ့၏ ခေါင်းဆောင်များ ဖြစ်သည့် Ming Xuechang(မြီရှောက်ချန်း)၊Ming Guoping (မြီကော်ဖျင်း၊Ming Julan (မြီကျွီလန်) နှင့်Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို တရုတ် ရဲဌာနက တရားဝင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘက်အသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်Ming Guoping၊Ming Julanနှင့်Ming Zhenzhenတို့ကို ဖမ်းဆီးရမိပြီး တရုတ် ရဲဌာနအား လွှဲပြောင်းပေးအပ်ခဲ့ကာ တရုတ်-မြန်မာ ပူးတွဲဥပဒေစိုးမိုးရေး နယ်ပယ်တွင် ထိရောက်သောအောင်မြင်မှု ရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။