သက်ဆိုင်ရာ တရုတ်ဝန်ထမ်းအားလုံးသည် ဂါဇာကမ်းမြောင်ဒေသမှ ဘေးကင်းစွာ ထွက်ခွာပြီဟု တရုတ်ဆို

(GMT+08:00)2023-11-15 13:14:37  

နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပါလက်စတိုင်း-အစ္စရေးပဋိပက္ခဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပဋိပက္ခဖြစ်ပွားရာနေရာရှိ တရုတ်နိုင်ငံသားများ၏ အသက် လုံခြုံမှုကို လွန်စွာ အလေးထားကြောင်း၊ နိုင်ငံခြား ဆိုင်ရာ တရုတ် သံတမန်အဖွဲ့အစည်းတို့သည် ပြည်တွင်းလုပ်ငန်းအစီအစဉ်များ အရ ဂါဇာဒေသရှိ တရုတ်နိုင်ငံသား များနှင့် အဆက်အသွယ်ကို ပြတ်တောင်မှု မရှိဘဲ ထိန်းသိမ်းထားရန်  ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဘက်များ၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်ဝန်ထမ်းအားလုံးသည် ဂါဇာကမ်းမြောင်ဒေသမှ ဘေးကင်းစွာ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။