မြန်မာ မြောက်ပိုင်းဒေသ အချင်းပွားမှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ် ဖော်ပြချက်

(GMT+08:00)2023-11-15 14:29:40  

မြန်မာ နိုင်ငံ မြောက်ပိုင်းဒေသ အချင်းပွားမှုနှင့် ပတ်သက်၍ ယခုလ ၁၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တရုတ်ဘက်သည် မြန်မာ နိုင်ငံ မြောက်ပိုင်းဒေသ အချင်းပွားမှု အခြေအ‌နေကို လွန်စွာ အာရုံစူးစိုက်နေကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အား အမြန်ဆုံး အပစ်အခတ် ရပ်စဲပြီး ညှိနှိုင်းဆွေးနွေးခြင်းမူ ကို စွဲကိုင်ကာ ငြိမ်းချမ်းရေး နည်းလမ်းဖြင့် သဘောကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်း၍ အခြေအနေ တင်းမာမှု အရှိန်မမြင့်လာအောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းခဲ့ ကြောင်း၊ မြန်မာဘက်အား တိကျထိရောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ပြီး တရုတ်-မြန်မာ နယ်စပ် ဒေသ လုံခြုံတည်ငြိမ်ရေးကို အာမခံပေးရန် တရုတ်ဘက်က တောင်းဆို ကြောင်း ပြောကြားခဲ့ပါသည်။