China Media Group သည် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲနှင့် အေပက်အစည်းအဝေးများကို ဘက်စုံ သတင်းထုတ်ပြန်ဖော်ပြမည်

(GMT+08:00)2023-11-14 16:12:11  

  နိုဝင်ဘာလ ၁၄ရက်နေ့မှ ၁၇ရက်နေ့အထိ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး ဂျိုးဘိုင်ဒန် နှင့် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး အကြိမ် ၃၀မြောက် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါသည်။ လက်ရှိ San Francisco မြို့ရှိ China Media Group ၏ မီဒီယာစင်တာကို စတင်အသုံးပြုပြီ ဖြစ်ပါသည်။ China Media Group မှ သတင်းထောက် ၁၈၀ကျော်တို့သည် San Francisco မြို့သို့ သွားရောက်ပြီး သတင်းရယူနေကြပါသည်။ China Media Group သည် အသံလွှင့်၊ ရုပ်မြင်သံကြားနှင့် New မီဒီယာများဆိုင်ရာ ထုတ်လွှင့်မှု အားသာချက်နှင့် ဘာသာစကား၆၈မျိုးဖြင့် ထုတ်လွှင့်မှု အားသာချက်များကို အသုံးပြုပြီး ယခုအကြိမ် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် အေပက်အစည်းအဝေး များကို ဘက်စုံ သတင်းထုတ်ပြန်ဖော်ပြမည် ဖြစ်ပါသည်။