Bohai ပင်လယ် ၏ ပထမဆုံး ကုဗမီတာ ဘီလီယံ ၁၀၀ ရှိ ဓာတ်ငွေ့တွင်း အဆင့် ၁ စီမံကိန်းကို စတင်လည်ပတ်တော့မည်

(GMT+08:00)2023-11-14 16:25:20  

တရုတ်နိုင်ငံ Bohai ပင်လယ်၏ ပထမဆုံး ကုဗမီတာ ဘီလီယံ ၁၀၀ ရှိသည့် Bozhong 19-6 ဓာတ်ငွေ့တွင်း အဆင့် ၁ စီမံကိန်းသည် ယခုလ ၁၄ ရက်နေ့တွင် စတင်လည်ပတ်တော့မည်ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် Deep complex buried hill ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးကဏ္ဍ  အဆင့်သစ်သို့ ဝင်ရောက်သည်ဟု ပြဆိုကာ နိုင်ငံတော် စွမ်းအင်လုံခြုံရေးကို အာမခံရန်နှင့် စွမ်းအင်ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်စေရန်အတွက် အလွန်အရေးကြီးသည်ဟုသိရပါသည်။