ထိုင်းက လယ်သမားများအား အကူအညီပေးရန် ချေးငွေပေးဆောင်

(GMT+08:00)2023-11-14 16:19:48  

ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ဒွန်မူးကျေးရွာ၌ လယ်သမား များကိုယ်တိုင် စပါးရိတ်သိမ်းနေကြပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် နိုင်ငံခြားသို့ ဆန်တင်ပို့ရောင်းချမှု ပမာဏ ၁၁.၉ ရာခိုင်နှုန်း၊ တန်ချိန် ၈ သန်းအထိ တိုးမြှင့်ရန် ရည်မှန်ထားပါသည်။ ၂၀၂၄ခုနှစ်တွင် မိုးခေါင်ရေရှားနိုင်ခြေရှိသည်ဟု ခန့်မှန်းသောကြောင့် ထိုင်းအစိုးရသည် မက်လုံးများနှင့် ချေးငွေ ပေးဆောင်ကာ ဆန်သိုလှောင်မှုကို အားပေးလျက်ရှိပါသည်။ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် ချေးငွေ ထုတ်ပေးရန်အတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅၅ ဘီလီယံခန့် လျားထားခဲ့ပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆန်ထွက်ရှိသော ပြည်နယ် Ubon Ratchathani ၏ မြောက်ပိုင်းတွင်ရှိသော ဘန်ဒွန်မူး ကျေးရွာရှိ လယ်သမားများသည် ရေရှည်တည်တံ့သော စပါးစိုက်ပျိုးနည်းများကို အသုံးပြုကာ တစ်ရွာလုံးအတွက် လက်လုပ်လက်စားနှင့် လယ်ထွန်စက်များကို မှီခိုအားထားနေရပါသည်။