ရှီကျင့်ဖိန်သည် ၂၀၂၃ခုနှစ် ရေလက်ကြား နှစ်ဖက်ကမ်း လုပ်ငန်းရှင်များ ထိပ်သီး အစည်းအဝေး၏ ၁၀နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးထံသို့ ဂုဏ်ပြုစာ ရေးသားပေးပို့

(GMT+08:00)2023-11-14 16:57:38  

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁၄ရက်နေ့က ၂၀၂၃ခုနှစ် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လုပ်ငန်းရှင်များ ထိပ်သီး အစည်းအဝေး၏ ၁၀နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးထံသို့ ဂုဏ်ပြုစာ ရေးသားပေးပို့ခဲ့ပါသည်။

၄င်းဂုဏ်ပြုစာတွင် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း စီးပွားရေးသည် တရုတ် အမျိုးသား စီးပွားရေး ဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များသည် ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ရေးသားဖော်ပြထား ပါသည်။

ထို့အပြင် ရှီကျင့်ဖိန်က တရုတ် အမျိုးသား၏ မွန်မြတ်သော ပြန်လည် ရှင်သန်ရေးကို အကောင်အထည် ဖော်ဆောင်ရေးသည် ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော် များ၏ အတူတကွ အားထုတ်ကြိုးပမ်းကြခြင်းကို လိုအပ်ကြောင်း၊ မိမိတို့သည် ရေလက်ကြား နှစ်ဖက်ကမ်း အကြား စီးပွားရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ နယ်ပယ် အသီးသီးတွင် ရေလက်ကြား နှစ်ဖက်ကမ်း အကြား ရောနှောပေါင်းစပ်မှု ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစေရန် ဆက်လက် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း အလေးထား ဖော်ပြပါသည်။

၂၀၂၃ခုနှစ် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လုပ်ငန်းရှင်များ ထိပ်သီး အစည်းအဝေး၏ ၁၀နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးကို ၁၄ရက်နေ့က ကျန်းစူးပြည်နယ် နန်ကျင်းမြို့တွင် စတင် ကျင်းပပြီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ “အနေအထားသစ်တွင် ရောနှောပေါင်းစပ်မှု ရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု” ဟူ၍ ဖြစ်ကြောင်း သိရပါသည်။