ရှီကျင့်ဖိန်သည် ဘေကျင်းမြို့နှင့် ဟိုပေပြည်နယ်တွင် သဘာဝဘေးပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့သည်

(GMT+08:00)2023-11-14 17:00:54  

  နိုဝင်ဘာလ ၁၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ မင်ထိုကိုး မြို့နယ်နှင့် ဟိုပေ ပြည်နယ် ကျိုကျိုးမြို့သို့ သွားရောက်ပြီး သဘာဝဘေးပြီးကာလ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။

    ရှီကျင့်ဖိန်သည် လယ်သမားများ၏ အိမ်များအတွင်း ဝင်ရောက်ခဲ့ပြီး လူနေရပ်ကွက်များ၊ စိုက်ခင်းများနှင့် တာတမံများကို သွားရောက်ပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကိုယ်တိုင် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ယင်းနေရာများ၌ ဆောင်းတွင်း ရာသီဥတု အေးစက်သော်လည်း နွေးထွေးသော ခြေရာများ ချန်ထား ခဲ့ပါသည်။