တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ Bayi Aerobatic အဖွဲ့သည် ၁၈ကြိမ်မြောက် ဒူဘိုင်း လေကြောင်းပြပွဲတွင် ပျံသန်းမှုစွမ်းရည်ပြသ

(GMT+08:00)2023-11-14 16:11:10  

 နိုဝင်ဘာလ ၁၃ရက်နေ့က ၁၈ကြိမ်မြောက် ဒူဘိုင်း လေကြောင်းပြပွဲကို အာရပ်စော်ဘွားများနိုင်ငံ Al Maktoum အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်ကျင်းပခဲ့ ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ Bayi Aerobatic အဖွဲ့ သည် ဖိတ်ကြားချက်အရ ဒူဘိုင်းမြို့သို့ နောက်တစ်ကြိမ်သွားရောက်ပြီး Al Maktoum အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များနှင့် ပွဲကြည့်ပရိသတ်များအား အံ့ဩဖွယ်ကောင်းသော ပျံသန်းမှုစွမ်းရည်ကို ပြသ၍ လူအများ၏ ချီးကျူးမှုကို ရရှိခဲ့ပါသည်။ Bayi Aerobatic အဖွဲ့၏ ယခုအကြိမ် ဒူဘိုင်း လေကြောင်းပြပွဲတွင် ပြသခြင်းသည် ၂၀၁၇ခုနှစ် နိုဝင်ဘာလပြပွဲ ပြီးသည့်နောက် ၄င်း၏ အာရပ်စော်ဘွားများ နိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ပြသခြင်းလည်း ဖြစ်ပါသည်။