တရုတ် အတွင်းမွန်ဂိုး၌ ကျောက်မီးသွေးများကို ပေးဝေပြီး ဆောင်းရာသီတွင် ပြည်သူများ နွေးထွေးစေရန် ဆောင်ရွက်ပေး

(GMT+08:00)2023-11-14 16:59:25  

မကြာခင်ရက်များက တရုတ် အတွင်းမွန်ဂိုး နေရာအရပ်ရပ်တွင် ပြည်သူများအား ကျောက်မီးသွေးများ ပေးဝေပြီး မတူညီသော အခြေအနေများအတွက် မတူညီသော ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ အိုဒိုမြို့၌ ကျောက်မီးသွေးများ ပေးဝေရာတွင် မှတ်ပုံတင်ခြင်း၊ ကားပေါ်တင်ခြင်း၊ အလေးချိန်တွက်ခြင်းစသည့် အစီအစဉ်များ ပြီးပါက ရွာသူရွာသားများသည် ကျောက်မီးသွေးများကို အိမ်သို့ ယူဆောင်နိုင်ပါပြီ။ စီမံချက်အရ အတွင်းမွန်ဂိုး၌ ပြည်သူများ ဆောင်းရာသီတွင် အနွေးဓာတ် ရရှိရန် အတွက် မိသားစု တစ်စုလျှင် ကျောက်မီးသွေး ၂ တန် ထက်မနည်း ထောက်ပံ့ပေးပါသည်။