ရှီကျင့်ဖိန် ၏ ပြန်စာသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ချီးကျူးမှုများကို ရရှိ

(GMT+08:00)2023-11-13 16:57:12  

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အမေရိကန် Philadelphia သံစုံတီးဝိုင်းအဖွဲ့ ဒါရိုက်တာချုပ်၊ CEO Matias Tarnopolsky ထံသို့ ပြန်စာ ရေးသားပေးပို့ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ချီးကျူးမှုများကို ရရှိခဲ့ပါသည်။ နိုင်ငံများစွာမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များနှင့် ပညာရှင်များက ပြန်စာသည် သမ္မတ ရှီကျင့်ဖိန်မှ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ပိုမိုနက်ရှိုင်းစေရန် လွန်စွာ အလေးထားမှုနှင့် မျှော်လင့်ချက်များကို ပြဆိုနိုင်ကြောင်း၊ လူများသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ယဉ်ကျေးမှုများ အကြား အပြန်အလှန် သင်ယူလေ့လာရေးများကို အားသစ်လောင်းပေးရန်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်ကို အတူတကွ အကောင်အထည်ဖော်ရန်၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူများအကြား သိရှိနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုနှင့် လူသားတို့၏ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး အတွက် ကြွယ်ဝနက်ရှိုင်းသော ယဉ်ကျေးမှုအင်အား ဆက်တိုက် ထည့်သွင်းပေးရန် မျှော်လင့်ကြောင်း ယူဆခဲ့ကြပါသည်။