တရုတ်နိုင်ငံ၏ ပစ္စည်းအသစ်စက်မှုလုပ်ငန်းသည် အရှိန်အဟုန် ကောင်းကောင်းဖြင့် ဖွံ့ဖြိုးတိုးတက် နေသည့် ကာလသို့ ရောက်ရှိနေပြီဟု စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-13 16:55:09  

မကြာခင်က တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ နောက်ဆုံး အချက်အလက်များအရ ယခုနှစ်စကတည်းက တရုတ်နိုင်ငံ၏ ပစ္စည်းအသစ် စက်မှုလုပ်ငန်း အတိုင်းအတာသည် အဆက်မပြတ်တိုးချဲ့ပြီး ဆန်းသစ်တီထွင် နိုင်စွမ်း ဆက်တိုက် တိုးမြင့်လာကာ အရှိန်အဟုန် ကောင်းကောင်းဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ်နိုင်ငံ၏ ပစ္စည်းအသစ်စက်မှု လုပ်ငန်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးသည် တရုတ်ယွမ် ၅ထရီလီယံကျော်ရှိပြီး  ဂဏန်း နှစ်လုံးဖြင့် တိုးတက်မှုကို ထိန်းသိမ်းထားသည်။