ပထမ ၉ လပတ်တွင် ယန်ဇီမြစ် အဓိကလိုင်းတစ်လျှောက် ကွန်တိန်နာ တင်သွင်းတင်ပို့မှု သည် ပုံမှန်တိုးတက်မှုရှိသည်ဟု တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-13 16:55:44  

တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ယန်ဇီမြစ် ရေကြောင်း ရေးရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ စာရင်းအရ ယခုနှစ် ပထမ ၉ လပတ်တွင် ယန်ဇီမြစ် အဓိကဆိပ်ကမ်းများမှ ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုပမာဏသည် တန် ၂.၈၂ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၄ ရာခိုင်နှုန်းတိုးများလာ ကြောင်း၊ ကွန်တိန်နာ တင်သွင်းတင်ပို့မှု ပမာဏသည် TEU ၁၉သန်း ၃သိန်း ၂သောင်းရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၇ ရာခိုင်နှုန်းတိုးများလာကြောင်း သိရသည်ဟု China Media Groupက ရေးသားဖော်ပြပါသည်။