Addis Ababa-Djibouti မီးရထား မှ အာဖရိကလူငယ်များသည် မြန်နှုန်းမြင့်ရထား မောင်းနှင်နည်း လေ့လာရန် တရုတ်သို့ လာရောက်

(GMT+08:00)2023-11-12 16:54:13  

နိုဝင်ဘာလ ၁၀ ရက်နေ့က Addis Ababa-Djibouti မီးရထားမှ အာဖရိက သင်တန်းသားများသည် Zhengzhou လျှပ်စစ်ရထားစက်ခေါင်းတွင် ယာဉ်မောင်းများ နှင့်အတူ လိုက်ပါပြီး လက်တွေ့လေ့ကျင့်ခဲ့ကြပါသည်။

Addis Ababa-Djibouti မီးရထားလမ်းသည် အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တော်နှင့် Djibouti နိုင်ငံ Djibouti မြို့တော်တို့ကို ချိတ်ဆက်ပြီး၊ အာဖရိကတွင် ပထမဆုံး သော တရုတ်စံနှုန်းထားသည့် နိုင်ငံဖြတ်ကျော် လျှပ်စစ်ရထားလမ်းဖြစ်ပါသည်။ ၎င်းလိုင်း အားလုံးကို တရုတ်စံနှုန်းနှင့် တရုတ်စက်ကိရိယာများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်စံနှုန်းများ၊ တရုတ်နည်းပညာနှင့် တရုတ်ကုန်ထုတ်လုပ်မှုများသည် Addis Ababa-Djibouti ရထားလမ်း၏ ကဏ္ဍပေါင်းစုံတွင် ရှိသောကြောင့် Addis Ababa-Djibouti မီးရထားမှ ဝန်ထမ်းများသည်လည်း တရုတ်မီးရထားလုပ်ငန်းဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာရန် လိုအပ်သည်ဟု သတင်းအရသိရပါသည်။