“ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး-၂၀၂၃”နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှု ကျင်းပတော့မည်

(GMT+08:00)2023-11-12 16:48:07  

တရုတ်တပ်မတော်နှင့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တပ်မတော်တို့က နိုဝင်ဘာလ ဒုတိယ ဆယ်ရက်ပိုင်းနှင့် တတိယ ဆယ်ရက်ပိုင်းတို့တွင် တရုတ်နိုင်ငံ ကျန့်ကျန်းမြို့မှာ “ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး-၂၀၂၃” နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျင်းပတော့မည် ဖြစ်ပါသည်။ ယင်းသည် “ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး-၂၀၂၃” နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ် နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်သည်။ ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုကို "အကြမ်းဖက်မှု ပူးတွဲ တိုက်ဖျက်ရန်နှင့် ပင်လယ်ပြင် လုံခြုံမှု စစ်ရေးဆောင်ရွက်မှု ထိန်းသိမ်းကာကွယ်ရန်" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပါဝင်သည့်ဘက်အသီးသီးတို့၏ မြို့ပြ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ပင်လယ်ပြင် အကြမ်းဖက်မှုနှင့် ပင်လယ်ဓားပြ တိုက်ဖျက်ရေး စွမ်းရည် မြှင့်တင်ရန်၊ ဘက်အသီးသီးတို့အကြား စစ်ရေးအပြန်အလှန် ယုံကြည်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။