သွင်းကုန်ကုန်စည်ပြပွဲတွင် ပြပွဲအဖွဲ့များစွာအတွက် အောင်ကျိုးရလဒ်များပြား

(GMT+08:00)2023-11-11 14:12:06  

ယခုနှစ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ် သော အမေရိကန် အစားအစာနှင့် လယ်ယာစိုက်ပျိုးရေးပြခန်းနှင့် “အာဖရိကလယ်ယာ ထွက်ကုန်ပစ္စည်း”သီးသန့်ဇုန်တို့သည် နိုဝင်ဘာလ ၁၀ရက်နေ့က စာချုပ်လက်မှတ်ရေးထိုး ခြင်း အောင်ကျိုးရလဒ်များကို ထုတ်ပြန်ခဲ့ပါသည်။

ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲအတောအတွင်း အမေရိကန်အစားအစာနှင့် လယ်ယာစိုက်ပျိုးရေးပြခန်းမှ ခင်းကျင်းပြသသောကုမ္ပဏီများသည် ကျန်းစူး၊ ဖူကျန့်၊ ရှိန်းကျိန့် စသောဝယ်ယူရေးလုပ်ငန်းရှင်များနှင့် MOUစာချုပ်ချုပ်ဆိုခဲ့ပြီး တန်ဖိုးပမာဏသည် အမေရိကန်ဒေါ်လာ ၅၀၅သန်းရှိကြောင်း သိရပါသည်။

ရှန်ဟိုင်း အမေရိကန် ကုန်သည်များအသင်း ဥက္ကဋ္ဌ Zheng Yiက ဤကုမ္ပဏီများသည် သွင်းကုန်ကုန်စည်ပြပွဲပလက်ဖောင်းကိုအသုံးပြုပြီး ကုန်ပစ္စည်းသစ်များကို ထုတ်ဖော်ပြသ ကာ စာချုပ်များစွာ ချုပ်ဆိုနိုင်ခြင်းကို မြင်တွေ့ရသည့်အတွက် ဝမ်းသာမိကြောင်း၊ သွင်းကုန် ကုန်စည်ပြပွဲ ပလက်ဖောင်း ကောင်းမွန်ပြီး လာမည့်နှစ်တွင် ဆက်လက်ပါဝင်ခွင့်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။