ရှီကျင့်ဖိန်က ဘေကျင်းနှင့် ဟိုဘေတွင် သဘာဝဘေးဒဏ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အလေးထားလုပ်ဆောင်ရန် မှာကြား

(GMT+08:00)2023-11-11 14:10:23  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ဘေကျင်းနှင့် ဟိုဘေ ပြည်နယ်တွင် သဘာဝဘေးဒဏ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာတွင် ပါတီကော်မတီ၊ အစိုးရအဆင့်ဆင့်တို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေနှင့် ပါတီဗဟိုကော်မတီမှ ချမှတ်သော မူဝါဒများနှင့် စီစဉ်ပေးမှုများကို တိကျလေးနက်စွာ အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်အပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပြီး  ပြည်သူလူထု အေးချမ်းပျော်ရွှင်စွာ နေထိုင်ပြီး ဆောင်းရာသီတွင် နွေးထွေးသည့် နေထိုင်မှု ပတ်ဝန်းကျင် ရရှိရန် အာမခံပေးရမည် ဖြစ်ကြောင်းအလေးထားပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။