ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထား အရှေ့လမ်းကြောင်း ခုတ်မောင်းမှုပမာဏသည် ၅၀၀၀ ကျော်သွားပြီဖြစ်သည်

(GMT+08:00)2023-11-11 14:12:39  

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ တရုတ်-ဥရောပ ကုန်တင်ရထားများ အရှေ့လမ်းကြောင်းတစ်လျှောက်ရှိ Manzhouli၊ Suifenhe နှင့် Tongjiang နယ်စပ်စခန်းများရှိ မီးရထား ဘူတာများမှ ရထား စုစုပေါင်း ၅၀၈၇ စင်း ခုတ်မောင်းခဲ့ပြီး ကုန်စည် ၅၄၃၀၀၀ TEUs သယ်ယူပို့ဆောင်ကာ လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၄.၁% နှင့် ၁၆.၄% အသီးသီးတိုးလာ၍ မနှစ်ကထက် ၁၀ ရက်နီးပါးကြိုတင်ပြီးမြောက်ပြီး ရထားခုတ်မောင်းမှုပမာဏသည် မြင့်မားသောအဆင့်တွင် ဆက်လက်လည်ပတ်နေကြောင်း China Railway Harbin အုပ်စုကုမ္ပဏီ မှ သတင်းအရသိရပါသည်။