ခေါက်ဆွဲအခမဲ့စားသုံးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို လက်ဆင့်ကမ်း

(GMT+08:00)2023-11-10 13:33:46  


တရုတ်နိုင်ငံ ရှိန်ရန်မြို့ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ သက်တမ်းသည် ၂၁ နှစ် ရှိပြီဖြစ်သည်။ ခေါက်ဆွဲဆိုင်၏ တံခါးဝတွင် အကယ်၍ ရှိန်ရန်တွင် ဝင်ငွေမရှိ၍ အခက်အခဲများကြုံတွေ့ပါက ဆိုင်သို့လာရောက်နိုင်ပါသည်။ ကျေးဇူးပြုပြီး "Single Set meal" ကို မှာပါ ၊ စားပြီးတာနဲ့ အပြင်ထွက်လို့ရတယ်၊ အားနာစရာမလိုပါဘူး။ အနာဂတ်မှာ မင်းတတ်နိုင်သလောက် မင်းဘေးနားက လိုအပ်နေတဲ့သူတွေကို ကူညီပြီး မင်းရဲ့ချစ်ခြင်းမေတ္တာကို ပေးကမ်းသွားဖို့ မင်းသတိရလိမ့်မယ်လို့ ငါမျှော်လင့် ပါ တယ်လို့ သတိပေးချက်တစ်စောင်ကပ်ထားပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဖောက်သည်အများအပြားသည် မြို့ပြင်မှပင် ခေါက်ဆွဲစားရန် အထူးလာရောက်ကြသည်။ ငွေရှင်းရာတွင် ၃၊၄ယွမ်၊၃၀၊၄၀ သို့မဟုတ် ၃၀၀၊၄၀၀ကို ပို ပေးခြင်းဖြင့် ဆိုင်ရှင်၏ ပရဟိတလုပ်ငန်းကို ထောက်ခံအားပေးခဲ့ကြသည်။ ဆိုင်ရှင်သည် လူတိုင်း၏အလှူငွေများကို မှတ်တမ်းစာအုပ်တွင် ရေးခဲ့သည်။အကြမ်းဖျင်းတွက်ချက်မှုအရ ၂၁ နှစ်အတွင်း ယင်းခေါက်ဆွဲဆိုင်သည် ပန်းကန်လုံးပေါင်း ၆၀၀၀ အခမဲ့ပေးဆောင်ခဲ့ပါသည်။ ယင်းသည် စိတ်ကောင်းနှလုံးကောင်းရှိသော တရုတ်လူမျိုးများ၏ နေ့စဉ်လူနေမှုဘဝတွင် ယဉ်ကျေးမှုအပေါ် အရိုးသားဆုံး အလေ့အကျင့်ဖြစ်သည်။