ခေတ်သစ်တွင် ပါတီ၏ ရှီးဇန့်(တိဘက်) စီမံခန့်ခွဲရေး လက်တွေ့ ဆောင်ရွက်မှုများနှင့် သမိုင်းဝင် အောင်မြင်မှုများ စက္ကဖြူစာတမ်း ထုတ်ပြန်

(GMT+08:00)2023-11-10 13:21:09  

   နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်း ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ခေတ်သစ်တွင် ပါတီ၏ ရှီးဇန့်(တိဘက်) စီမံခန့်ခွဲရေး လက်တွေ့ ဆောင်ရွက်မှုများနှင့် သမိုင်းဝင် အောင်မြင်မှုများ စက္ကဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

   ယင်းစက္ကူဖြူစာတမ်းသည် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်များ ဘက်စုံ အကောင်အထည် ဖော်ဆောင်ခြင်း၊ စိတ်ပိုင်း ယဉ်ကျေးမှု တည်ဆောက်ရေးတွင် အကျိုး သက်ရောက်မှုများ ထင်ရှားစွာ ရရှိခဲ့ခြင်း၊ တိုင်းရင်းသား ဘာသာရေး လုပ်ငန်းများကို ထိရောက်စွာ တွန်းအားပေးခြင်း၊ လူမှုရေး အခြေအနေ ဆက်တိုက် ကောင်းမွန် တည်ငြိမ်လာခြင်း၊ ဂေဟစနစ် လုံခြုံမှု ဆက်တိုက် ခိုင်ခံ့လာခြင်း၊ ဒီမိုကရေစီ ဥပဒေ စိုးမိုးရေး ဆက်တိုက် တိုးမြင့်လာခြင်း အပါအဝင် အပိုင်း ၆ ပိုင်း ပါဝင်ပါသည်။

  ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာ၏ ဦးဆောင်မှုနှင့် တစ်နိုင်ငံလုံးမှ ပြည်သူများ၏ အင်တိုက်အားတိုက် ထောက်ခံမှုဖြင့် ရှီးဇန့် တိုင်းရင်းသားပေါင်းစုံမှ ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများသည် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သမိုင်းဝင် အောင်မြင်မှုများကို ရရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။