ရှီကျင့်ဖိန် သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာမိုနီ နှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန် ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို အသီးသီးပေးပို့

(GMT+08:00)2023-11-10 13:59:32  

  နိုဝင်ဘာလ ၉ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် အနှစ်၇၀ပြည့်မြောက်နှစ်အတွက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီ ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
  ရှီကျင့်ဖိန် က လွန်ခဲ့သည့်နှစ်များတွင် ကမ္ဘောဒီးယားပြည်သူများသည် ကိုယ့်နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ချီတက်ပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင် အောင်မြင်မှုအသစ်များ အဆက်မပြတ် ရရှိခဲ့ ကြောင်း၊ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် တည်ငြိမ်မှု ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ ပြည်သူ့ နေထိုင်မှုဘဝကို တိုးတက်ကောင်းမွန်ခြင်းဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို တ စိုက်မတ်မတ်ထောက်ခံပါကြောင်း ဖော်ပြခဲ့ပါသည်။
  ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် ၆၅နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်သကဲ့သို့ တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးနှစ် လည်း ဖြစ်ကြောင်း၊ မိမိတို့သည် ဘေကျင်းမြို့နှင့် ဟန်ကျိုးမြို့တွင် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံပြီး တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူအသိုက်အဝန်း စီမံကိန်းကို အတူတကွ ရေးဆွဲချမှတ်ခဲ့ကြကြောင်း၊ မိမိတို့သည် တရုတ်-ကမ္ဘောဒီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို အလွန်အလေးထားကြောင်း၊ ဘုရင် နိုရိုဒွန်သီဟာမိုနီ နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး မဟာဗျူဟာမြောက်ဦးဆောင်မှုကို မြှင့်တင်ပြီး အရည်အသွေးမြင့်၊ အဆင့်အတန်းမြင့်၊ စံနှုန်းမြင့်သော ခေတ်သစ် တရုတ်-ကမ္ဘောဒီးယားကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲ တည်ဆောက် လိုပါကြောင်း ဖော်ပြခဲ့ပါသည်။
  ထိုနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ကမ္ဘောဒီးယား ပြည်သူ့ပါတီဥက္ကဋ္ဌ ဟွန်ဆန် ထံသို့ လည်း ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပို့ပေးခဲ့ပါသည်။