လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၉၀ ခန့်က ရှိခဲ့သည့် ဒိုင်နိုဆောဥအသိုက်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-11-10 13:21:50  

တရုတ်နိုင်ငံဘူမိဗေဒ တက္ကသိုလ်(ဝူဟန့်)၊  တရုတ်သိပ္ပံအကယ်ဒမီ ကျောရိုးရှိ သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနှင့် ကွေ့ကျိုးပြတိုက်စသည့် ဌာနများမှ သုတေသီ များသည် ကွေ့ကျိုးပြည်နယ် အန်းရွှမ့်မြို့ ဖိန်ဘမြို့နယ်တွင် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၉၀ ခန့်က ရှိခဲ့သည့် ဒိုင်နိုဆောရုပ်ကြွင်းအုပ်စုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ယင်းဒိုင်နိုဆောရုပ်ကြွင်းအုပ်စုတွင် အရွယ်ရောက်ပြီး ဒိုင်နိုဆော ၃ ကောင်ထက်မနည်းနှင့် ဥပေါင်း အလုံး ၅၀ခန့်ပါဝင်သည့် “ဥအသိုက်”၅ သိုက် ပါဝင်ပါသည်။

၎င်းသည် တရုတ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော အစောဆုံး ဒိုင်နိုဆောဥအသိုက်ဖြစ်ပြီး ကမ္ဘာ့အစောဆုံး ဒိုင်နိုဆောများနှင့် ဥအသိုက်များကို  တစ်နေရာ တည်းတွင် တွေ့ရှိသော ဒိုင်နိုဆော ကျောက်ဖြစ် ရုပ်ကြွင်း အုပ်စုလည်း ဖြစ်ပါသည်။