UNESCO သည် တရုတ်တွင် နိုင်ငံတကာ STEM ပညာရေး သုတေသနဌာန ကို တည်ထောင်ရန် အတည်ပြု ဆုံးဖြတ်

(GMT+08:00)2023-11-10 14:23:53  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၉ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသော ၄၂ ကြိမ်မြောက် UNESCO ညီလာခံတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယူနက်စကို နိုင်ငံတကာ STEM ပညာရေး သုတေသနဌာန (UNESCO IISTEM) တည်ထောင်ရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။ ယင်းသည် ယူနက်စကို အမျိုးအစား ၁ စင်တာကို တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် တည်ထောင် ခြင်း ဖြစ်သည်။

ယူနက်စကို နိုင်ငံတကာ STEM ပညာရေး သုတေသနဌာန သည် ယူနက်စကို ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယူနက်စကို မှ ကမ္ဘာပေါ်တွင် တည်ထောင်ထားသော ၁၀ ခုမြောက် အမျိုးအစား ၁ စင်တာ ဖြစ်ကာ ဥရောပနှင့် အမေရိကန်အပြင် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ အမျိုးအစား ၁ စင်တာလည်းဖြစ်သည်။