နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ဒစ်ဂျစ်တယ် ကမ္ဘာကို ပူးပေါင်းတည်ဆောက်ရမည်ဟု မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း က Wuzhen Summit တွင် ပြောကြား

(GMT+08:00)2023-11-10 14:24:46  

နိုဝင်ဘာလ ၈ ရက်နေ့က ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ Wuzhen Summit ကို "သက်ညှာထောက်ထားပြီး အပြန်အလှန် အကျိုးရှိစေကာ ခံနိုင်ရည်ရှိသော ဒစ်ဂျစ်တယ် ကမ္ဘာကို တည်ဆောက်ခြင်း၊ ကံကြမ္မာတူ ဆိုက်ဘာ စပေ့ အတူတကွ ပူးပေါင်းတည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် Wuzhenမြို့တွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် အဆိုပါ Summit မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ရာ ယနေ့ခေတ်တွင် အင်တာနက် နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နိုင်ငံတကာ မိသားစုကြီးသည် ကမ္ဘာသစ်နှင့် ဆိုက်ဘာစပေ့စ် တစ်ခုလုံးအတွက် တာဝန်ယူပြီး ၎င်း၏ သက်ညှာထောက်ထားသော ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက် ညီလာခံ Wuzhen Summit အစီအစဉ်အားလုံး ကျင်းပပြီးစီးခဲ့ပြီး အစည်းအဝေးအတွင်း အင်တာနက်အလင်း ကုန်စည်ပြပွဲ နှင့် ထိပ်တန်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ အောင်မြင်မှုများ ထုတ်ပြန်ပွဲအပါအဝင် လှုပ်ရှားမှုများကို ကျင်းပကာ နိုင်ငံတကာ အင်တာနက် ညီလာခံ စက္ကူပြာစာအုပ်ကို ထုတ်ပြန်၍ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသောအောင်မြင်မှုများကို ပြသခဲ့သည်။