တရုတ်ဟိုပေပြည်နယ် ဟန်တန်းမြို့တွင် ပန်းသီးခူးဆွတ်ချိန် ရောက်ပါပြီ

(GMT+08:00)2023-11-09 12:30:42  

နိုဝင်ဘာလ ၈ ရက်နေ့က တရုတ် ဟိုပေပြည်နယ် ဟန်တန်းမြို့ ရှောင်ကုန်းချွမ်းကျေးရွာ တွင် ပန်းသီးများ ခူးဆွတ်ချိန်ရောက်ပါပြီ။

"ပန်းသီးမွေးရပ်မြေ" ဟု လူသိများသော ဟိုပေပြည်နယ် ဟန်တန်းမြို့ ရှောင်ကုန်းချွမ်းကျေးရွာသည် ၁၉၈၀ ခုနှစ်များမှစပြီး ပန်းသီးများကို စတင်စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကျေးရွာရှိ ပန်းသီး တရုတ်ဧက ၁,၅၀၀ ကျော် ခူးဆွတ်သည့်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး မြို့သူမြို့သားများနှင့် ပန်းသီးစိုက်ပျိုးရေး တောင်သူများသည် ပန်းသီးများ အတူတကွ ခူးဆွတ်ကြသော ပျော်ရွှင်မှုကို ခံစားကြပါသည်။