ချမ်ချွင်းမြို့တွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းပြီးနောက် သန့်ရှင်းရေးအလုပ်သမား ၁၆၀၀၀ ကျော်သည် ဆီးနှင်းများကို ရှင်းလင်း

(GMT+08:00)2023-11-09 11:50:37  

နိုဝင်ဘာလ ၈ရက်နေ့က ကျီလင်ပြည်နယ် ချမ်ချွင်းမြို့ရှိ လမ်းများပေါ်တွင် သန့်ရှင်းရေးအလုပ်သမားများက ဆီးနှင်းများကို ရှင်းလင်းခဲ့ကြသည်။ နိုဝင်ဘာလ ၅ရက်နေ့မှစပြီး ချမ်ချွင်းမြို့တွင် ဆီးနှင်းများ ဆက်တိုက် ကျဆင်းခဲ့သောကြောင့်  မြို့သူမြို့သားများ ပုံမှန် သွားလာနိုင်ရေးအတွက် သန့်ရှင်းရေးအလုပ်သမား ၁၆၀၀၀ ကျော်သည် ဆီးနှင်းရှင်းလင်းရေးယာဉ် ၁၇၀၀ ကျော်ဖြင့် နေ့ရောညပါ  သန့်ရှင်းရေး ပြုလုပ်နေကြသည်။