ရဲဘော် ကျိုးထျယ်နုန်၏ ရုပ်အလောင်းကို ဘေကျင်းတွင် မီးသင်္ဂြိုဟ်၊ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံခေါင်းဆောင်များ ပါးပေါင်ရှန်း တော်လှန်ရေးဘုံသင်္ချိုင်းသို့ သွားရောက် ပို့ဆောင်နှုတ်ဆက်

(GMT+08:00)2023-11-09 17:09:33  

နာမည်ကျော် လူမှုရေးပုဂ္ဂိုလ်ကြီး၊ တရုတ် ကိုမင်တန်ပါတီ တော်လှန်ရေးကော်မတီမှ ထူးချွန်သော ခေါင်းဆောင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခင်မင်ရင်းနှီးသောမိတ်ဆွေ၊ ၁၁ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ၊ ၉ကြိမ်မြောက်နှင့် ၁၀ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ၊ ၁၁ကြိမ်မြောက် တရုတ် ကိုမင်တန်ပါတီ တော်လှန်ရေးကော်မတီ ဗဟိုကော်မတီဥက္ကဋ္ဌ ကျိုးထျယ်နုန်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၉ရက်နေ့က ဘေကျင်း ပါးပေါင်ရှန်း တော်လှန်ရေးဘုံသင်္ချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံခေါင်းဆောင်များ ပါးပေါင်ရှန်း တော်လှန်ရေး ဘုံသင်္ချိုင်းသို့ သွားရောက် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။