၂၀၂၃ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့် ထိပ်သီးအစည်းအဝေး ၈ ရက်နေ့တွင် စတင်ကျင်းပ

(GMT+08:00)2023-11-08 16:15:19  

နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့်ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၈ ရက်နေ့တွင် ကျက်ကျန်းပြည်နယ် ဝူးကျင့်မြို့နယ်တွင်  စတင် ကျင်းပခဲ့သည်။ ယခုနှစ်သည် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့်ထိပ်သီးအစည်းအဝေး၏ ဆယ်နှစ်မြောက်ဖြစ် သည်။ ယခုအကြိမ်အစည်းအဝေးတွင် အင်တာနက်နည်းပညာနောက်ဆုံးရအောင်မြင်မှုများ ကို စုစည်းပြသသည့်အပြင် ဆန်းသစ်သောလှုပ်ရှားမှုများကိုလည်း ကျင်းပပြုလုပ်မည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်အစည်းအဝေး၏ဆောင်ပုဒ်မှာ "အားလုံးပါဝင်နိုင်သော၊ အားလုံးအကျိုးရှိစေနိုင် သော၊ ခိုင်မာရှင်သန်သော ဒစ်ဂျစ်တယ်ကမ္ဘာကိုတည်ဆောက်ခြင်း—အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်းကို အတူတည်ဆောက်ခြင်း" ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များသည် ရေပန်းစား ရေးရာများကို ဆွေးနွေးကြမည်ဖြစ်ပြီး  အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် လုပ်ငန်းနယ်ပယ်အသီးသီးတို့၏ အတွေးအဆနှင့် ရည်မှန်းချက်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှု အလားအလာများကို ဦးဆောင်၍ အင်တာနက်ဖွံ့ဖြိုးတက်တက်မှု စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်စီမံကိန်းများကို ဖော်ပြမည်ဖြစ်ကြောင်း သိရပါသည်။