Belt and Road သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး ညီလာခံ ကျင်းပ

(GMT+08:00)2023-11-08 16:13:25  

ယခုလ ၆ရက်နေ့မှ ၇ရက်နေ့အထိ ပထမဆုံး အကြိမ် Belt and Road သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး ညီလာခံကို တရုတ် နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ပါသည်။

Belt and Road အတူ တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်သော နိုင်ငံများမှ သိပ္ပံပညာရှင် ၁၀၀ကျော်သည် Belt and Road လူငယ် သိပ္ပံပညာရှင် ဖိုရမ်သို့ တက်ရောက်ပြီး ပညာရပ်(academic)ဆိုင်ရာ မျှဝေရေးနှင့် ကူးလူးဖလှယ်ရေးကို ပြုလုပ်ပြီး သိပ္ပံနည်းပညာ လူငယ် လူရည်ချွန်များ၏ တတ်ကျွမ်းမှု၊ အသိပညာနှင့် ကမ္ဘာတစ်ဝန်းလုံးမြင်ကွင်း(global vision)များကို ပြသကာ Belt and Road အတူ တည်ဆောက်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေး ရန် အတွက် အကျိုးပြု စွမ်းဆောင်ကြပါသည်။