ရှီကျင့်ဖိန် ယဉ်ကျေးမှု ဆိုင်ရာ အတွေးအခေါ် ကျင့်သုံးဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2023-11-08 16:13:51  

ရှီကျင့်ဖိန်  ယဉ်ကျေးမှု ဆိုင်ရာ အတွေးအခေါ် ကျင့်သုံးဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယခုလ ၆ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ ဗဟို ကော်မတီ အတွင်းရေးမှူးဌာနမှ အတွင်းရေးမှူး ဆိုက်ချီသည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဆိုက်ချီက ရှီကျင့်ဖိန် ယဉ်ကျေးမှု ဆိုင်ရာ အတွေးအခေါ်၏ ဦးဆောင်မှုဖြင့် ခေတ်ကာလသစ်တွင် တွေးခေါ်မှုနှင့် ယဉ်ကျေးမှု လုပ်ငန်း အခြေအနေသစ်ကို ဖွင့်လှစ်ပြီး အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး လုပ်ငန်းများကို ဘက်စုံ တွန်းအားပေးရန် အတွက် ခိုင်မာသော တွေးခေါ်မှု ဆိုင်ရာ အာမခံချက်၊ အားကောင်းသော စိတ်ပိုင်းဆိုင်ရာ အင်အားနှင့် ကောင်းကျိုး ရှိသော ယဉ်ကျေးမှု အခြေအနေကို ဖန်တီးပေးရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။