၂၀၂၃ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ရင်ပြင်အကညီလာခံ အောင်မြင်မှု ပြသပွဲနှင့် ရင်ပြင်အက ကပွဲညကို ကျင်းပ

(GMT+08:00)2023-11-08 16:12:59  

  နိုဝင်ဘာလ ၇ရက်နေ့က ၂၀၂၃ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ရင်ပြင်အကညီလာခံ အောင်မြင်မှု ပြသပွဲ -- ရင်ပြင်အက  ကပွဲညကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ကျင်းပခဲ့ပါသည်။ ခေတ်ရေစီးကြောင်းအသစ်ကို ဦးဆောင်ပြီး ခေတ်သစ်ကို ဂုဏ်ပြုခြင်း ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံတစ်ဝှမ်းမှ ထူးချွန်သည့် ရင်ပြင်အကအဖွဲ့ ၂၅ဖွဲ့သည် Guanshan ရေကန်ပန်းခြံတွင် စုဝေးပြီး အနုပညာရှင်များ၊ ပွဲကြည့်ပရိသတ်များနှင့်အတူ  ယဉ်ကျေးမှုပွဲတော်ကို တင်ဆက်ဖျော်ဖြေ ခဲ့ကြပါသည်။