အင်တာနက်ဖြင့် ကမ္ဘာ့ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ သုခချမ်းသာမှုများ ဖန်တီးပေးရန် တိုက်တွန်းပါကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-11-08 16:16:58  

  နိုဝင်ဘာလ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့် ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က သတင်း အချက်အလက် တော်လှန်ရေး ခေတ်ရေစီးကြောင်း ရှေ့သို့ ချီတက်နေပြီး အင်တာနက်သည် လူသားများ၏ အနာဂတ်ရေးအပေါ် မျှော်မှန်းချက်များကို ကြံဆောင်ထား နေကြောင်း၊ အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက် ပြီး အင်တာနက်ဖြင့် ကမ္ဘာ့ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ သုခချမ်းသာမှုများ ဖန်တီးပေးကာ လူသားများ၏ ပိုမို သာယာလှပသော အနာဂတ်ရေးကို လက်တွဲဖန်တီးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။