လူသားများ၏ ယဉ်ကျေးမှု ရတနာများကို အတူ စောင့်ရှောက်ပေးခြင်း၊ ရှီကျင့်ဖိန်သည် ပြည်တွင်းပြည်ပ ရှေးဟောင်း ယဉ်ကျေးမှု ပူးတွဲ စူးစမ်းလေ့လာရေး လုပ်ငန်းကို တွန်းအားပေး

(GMT+08:00)2023-11-08 16:14:44  

  တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Belt and Road ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေးနှင့် သုတေသနပြု လေ့လာရေး လုပ်ငန်းကို လွန်စွာ အလေးထားနေပါသည်။ ရှီကျင့်ဖိန်၏ တွန်းအားပေး ဆောင်ရွက်မှုများကြောင့် ပြည်တွင်း ပြည်ပ ရှေးဟောင်း ယဉ်ကျေးမှု ပူးတွဲ စူးစမ်းလေ့လာရေးလုပ်ငန်းသည် အဆက်မပြတ် တိုးတက်လာခဲ့ပါသည်။ Belt and Road အဆိုပြုချက် ဖော်ဆောင်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နှင့် Belt and Road လက်တွဲ တည်ဆောက်သော နိုင်ငံများအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများ ဆက်တိုက် တိုးတက်လာခဲ့ပါသည်။ တရုတ် ရှေးဟောင်းယဉ်ကျေးမှု ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များနှင့်အတူ စူးစမ်းလေ့လာရေးနှင့် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ ပြန်လည် မွမ်းမံရေးလုပ်ငန်းများကို အတူ လုပ်ဆောင်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။