အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်း အဆင့်ကဏ္ဍသစ်သို့ ချီတက်ဖို့ လက်တွဲ တွန်းအားပေးရန် တိုက်တွန်းပါကြောင်း ရှီကျင်ဖိန် ဆို

(GMT+08:00)2023-11-08 16:16:35  

  နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့် ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က အင်တာနက်သည် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် တွန်းအားသစ်၊ လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရန် နယ်ပယ်သစ်နှင့် ယဉ်ကျေးမှု အပြန်အလှန် သင်ယူ လေ့လာရန် ပလက်ဖောင်းသစ် ဖြစ်လာနေပြီး အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းသည် ယနေ့ခေတ်၏ မရှိမဖြစ် ရွေးချယ်ရမည့် ရွေးချယ်ချက် ဖြစ်သည့်အပြင် နိုင်ငံတကာမိသားစုကြီး၏ ဘုံအသံလည်း ဖြစ်ကြောင်း၊ မိမိတို့သည် ကူးလူးဖလှယ်ရေးနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်း အဆင့်ကဏ္ဍသစ်သို့ ချီတက်ဖို့ လက်တွဲ တွန်းအားပေးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။